ခဏစောင့်ပါ...
ခဏစောင့်ပါ...
3-4-3 Formation
ခံစစ်ကစားသမား ၃ ဦးသာ ထားကာ ကွင်းလယ် ၄ ဦးနှင့် ရှေ့တန်း ၃ ဦးဖြင့် ဖိအားပေး တိုက်စစ်ဆင်သော ဖွဲ့စည်းပုံဖြစ်သည်။ Antonio Conte ၏ ကျော်ကြားဆုံး ကစားကွက်ဖြစ်ပြီး Chelsea, Juventus, Italy တို့ ကောင်းမွန်စွာ ကျင့်သုံးခဲ့သည်။
တိုက်စစ်နှင့် ခံစစ် ၂ ဖက်လုံး ပြေးဆင်ရမည်
ကွင်းကျယ်ကျယ် ကစားပြီး နေရာဖန်တီးသည်
ကွင်းပေါ်တွင် ကစားသမားများ ကျဲကျဲပြန့်ပြန့် ဖြန့်ကျဲထားသောကြောင့် ပြိုင်ဘက် ခြုပ်နှိပ်ရ ခက်ခဲသည်။ Wing-Back ၂ ဦး ကိုယ်ကြံ့ခိုင်ပြီး ကစားနိုင်ပါက ကွင်းကျယ်ကျယ် ကစားနိုင်သောကြောင့် ကောင်းသည်။